တောင်းပန်လွှာ

ဦးဇင်းကအွန်လိုင်းကို အမြဲတက်ဖို့ အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ် ... ရေဒုက္ခရောက်နေတဲ့ ရွာတွေဘက်လိုက်ပြီး ကူညီတယ် ရေပေးဝေလှူဒါန်းတယ် လိုအပ်နေတဲ့ဓာတ်ဆားတွေ ပေးဝေလှူဒါန်းတယ်(အဲဒိအကြောင်းတွေ နောက်တော့ ရေးပြီးတင်ပါမယ်)ဒါတွေနဲ့ အလုပ်တွေရှုပ်ပြီး အခုလည်း ရေတွင်းတူးနိုင်ဖို့ အရေးကိစ္စတွေနဲ့ ဘလော့ဘက်ကို ခြေဦးမလှည့်ဖြစ်ဘူး...။
ဘလော့ကလည်း ခေတ်အခြေအနေအရရော၊ ကွန်နက်ရှင်အရရော အဆင်ပြေဘူးဖြစ်နေတယ် ...
လိုတာပြင်လို့မရ ဓာတ်ပုံတင်လို့မရနဲ့... ဒါနဲ့ အခုတော့ Multiply www.ashinzatila.multiply.com နဲ့ ပြောင်းပြီးလုပ်ကြည့်နေပါတယ် ... နောက်တော့မှ အဆင်ပြေအားလပ်တဲ့ အချိန်မှ ပို့စ်များတင်ပါ့မယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေ လို့ ဆုတောင်းမေတ္တာပို့ပါတယ်။

0 comments:

Post a Comment

 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila