မြန်မာနိုင်ငံရေးတွင် ဘုန်းကြီးများ မည်မျှဆောင်ရွက်ပါသနည်။

0 comments
ဒကာ ကိုသုတအောင် မေးတဲ့ မေးခွန်းလေးကို ဖြေချင်တာနဲ့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတယ်. သူ့မေးခွန်းက လေးခုပါ တစ်ခုချင်း ဖြေသွားပါ့မယ်. အပြည့်စုံဆုံး မဖြေနိုင်ဘူးဆိုတာ သိပေမဲ့ ကိုယ့်အသိကို ဖြန့်ဝေချင်တယ်. ဦးဇင်းရဲ့ အဖြေတွေက မပြည့်စုံရင်လည်း ဘာသာ တစ်ခုလုံးရဲ့ concept ကို ကိုယ်စားမပြုဘူးလို့ ပြောထားပါရစေ.။ ကိုသုတအောင်က ပထမမေးခွန်းကို ဒီလိုလေး မေးထားတယ်.
“မြန်မာနိုင်ငံတိုးတက်ရေးတွင် ဘုန်းကြီးများ မည်မျှဆောင်ရွက်ပါသနည်း၊
(မှတ်ချက်။ ။ တပည့်တော် အဖွားအိမ်တွင် ဆွမ်းကျွေးလာစားသော ဘုန်းကြီးများသည် ဆွမ်းစားရုံမှ တပါး သင့်တင့်လျောက်ပတ်သော တရားပင်မဟောပါ။)’’.
တစ်ကယ်တော့ ဦးဇင်းတို့ မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးမထားပါဘူး..။ ဥပမာ အီရန်နိုင်ငံဆိုရင် နိုင်ငံရေးသည်ပင် ဘာသာရေးပဲ ဆိုတော့ သူတို့ ဘုန်းကြီးတွေဟာ နိုင်ငံတိုးတက်ရေးမှာ ထိရောက်အောင် စွမ်းဆောင်နိုင်ပါတယ်..။ အဲဒီလိုဆို မြန်မာနိုင်ငံ တိုးတက်ရေးဟာ မြန်မာနိုင်ငံ ဘုန်းကြီးတွေနဲ့ မဆိုင်တော့ဘူးလား.။ ဒီလိုတော့လည်း မဟုတ်ပါဘူး.။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတော့ နိုင်ငံသားဝင်ဖြစ်တဲ့ ဘုန်းကြီးတွေနဲ့လည်း သက်ဆိုင်ပါတယ်. ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက နိုင်ငံ တိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရမှာလား ကုန်သွယ်လုပ်နေရမှာလား ကုမ္ပဏီတွေ ထောင်ရမှာလား ? အဲဒီလိုတွေ လုပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး . အဲဒါတွေအတွက် မြတ်စွာဘုရားကလည်း ရဟန်းတော်တွေကို ခွင့်မပြုပါဘူး. ဒါပေမဲ့ လူ့အကျိုးပြု လုပ်ငန်းတွေကိုတော့ လုပ်ရပါ့မယ်. ဘုရားရှင် ကိုယ်တော်မြတ်ကြီးလည်း လူ့အကျိုးပြု လုပ်ငန်းတွေ အများကြီးလုပ်ခဲ့ပါတယ် ဥပမာ သောပါက လို့ခေါ်တဲ့ သုဿန်က ကလေးလေးဟာ ခွေးတွေကို အရမ်းသတ်နေပါတယ် . သူမှမဟုတ်ဘူး သူ့သယ်ချင်းတွေကလည်း အဲဒီအတိုင်းပဲ . သူက ခေါင်းဆောင်ပေါ့။ မြတ်စွာဘုရားက အဲဒီကလေးတွေ ကောင်းကျိုးအတွက် သုဿာန်ထဲကို နှစ်ကြိမ်ကြွပီး တရားဟော ပါတယ်. လောကမှာ အထွဋ်မြတ်ဆုံးထားတဲ့ ဘုရားက ကလေးလေးတွေ အတွက် သုဿာန်ထဲကို ကြွပါတယ် နေရာခင်းပေးမဲ့သူတောင်မရှိပါဘူး။ အဲဒီမှာ ကလေးတွေကို မေတ္တာ တရားဟောခဲ့ပါတယ် .သောပါက ဆိုတဲ့ ကလေးနဲ့ အပေါင်းပါတွေအားလုံး တရားနာပီးတဲ့ နောက်မှာ သူတို့ဟာ သူများအသက်လုံးဝ မသတ်တော့ပါဘူး.။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး လုပ်တော်မူသွားတဲ့ တစ်ခြား ပရဟိတ လုပ်ငန်းတွေ အများကြီးရှိပါသေးတယ် ဥပမာ သံကိစ္စ တို့ သုနိတ တို့စသည်ပေါ့ . သုနိတ ဆိုရင်လည်း မစင်သွန်တဲ့ အလုပ်ကို လုပ်တဲ့သူပါပဲ ..။ အိန္ဒိယ စကားနဲ့ ပြောရရင် လုံးဝ ဇာတ်နိမ့်တစ်ယောက်ပါပဲ .။ သာမန်လူတစ်ယောက်တောင် သူ့ကို အဖတ်လုပ်ပီး ဆက်ဆံနေမှာ မဟုတ်ပါဘူး ဒါပေမဲ့မြတ်စွာဘုရားက ကယ်တင်ပီး ရဟန်းပြုပေးခဲ့တယ်.
မြတ်စွာဘုရားရဲ့ ရဟန်းတော်များအတွက်ကတော့ မြန်မာနိုင်ငံတိုးတက်ဖို့ ဆိုတာထက် နိုင်ငံသူ/နိုင်ငံသားတွေ တိုးတက်ဖို့အတွက်တော့ လုပ်ရပါတယ်.. လုပ်လည်း လုပ်နေကြပါတယ်။ ဒကာမြင်ခဲ့တဲ့ ဘုန်းကြီးအနည်းငယ်ဟာ ဘုန်းကြီးတွေ အကုန်လုံးကို ကိုယ်စားမပြုပါဘူး.။ သစ်တစ်ပင်ဟာ အနှစ်ကြီးပဲ ရှိတာ မဟုတ်ပါဘူး၊ အခေါက်တွေ အခက်အလက်တွေ နေပူဒဏ်ကို မခံနိုင်တဲ့ သစ်ရွက်တွေ အဲဒါတွေလည်း ပါဝင်ပါတယ်. ပုဂံလက်ထက်က အရှင်အရဟံနဲ့ အနော်ရထာ ကောင်းခဲ့လို့ အခုအခါမှ ပုဂံဟာ မြန်မာတွေရဲ့ ဂုဏ်ယူစရာ ပြယုဂ်တစ်ခု ဖြစ်နေတယ်မဟုတ်ပေဖူးလား..။ ဒါဟာ အရှင်အရဟံရဲ့ နိုင်ငံအတွက် ကြီးမားတဲ့ လုပ်ဆောင်ပေးခဲ့မှုပါပဲ. မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဆုံးအမတွေဟာလည်း နိုင်ငံတော်အတွက် ဘယ်လောက်အကျိုးပြုနေလဲ ဆိုတာ ဖတ်ကြည့်စေချင်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ စကားတွေက နိုင်ငံအတွင်းမှာနေတဲ့ လူသားတွေအတွက် ပြောခဲ့ သွန်သင်ခဲ့တာမို့ တနည်းအားဖြင့် နိုင်ငံတော်အတွက်ပါပဲလို့ ပြောလို့ရပါတယ်။ အခုအခါမှာလည်း သီတဂူဆရာတော်ဘုရား ဓမ္မဒူတအရှင်ဆေကိန္ဒ စသည် စသည် ဆရာတော်များဟာ လူမှုရေးအကျိုးပြု လုပ်ငန်းတွေကို အစွမ်းရှိသမျှ လုပ်ဆောင်နေကြပါတယ်၊ စာသင်တိုက်က ဆရာတော်ကြီးတွေ အသက်ကြီးတဲ့အထိ အနားယူတော်မမူပါဘူး.။ အလုပ်လုပ်နေကြပါတယ် . စာသင် စာချ ဒကာ ဒကာမတွေကို အစွမ်းရှိသမျှ ဆုံးမတာတွေ လုပ်နေကြပါတယ် မြန်မာနိုင်ငံ စာသင်တိုက်ကြီးတွေကို လိုက်ကြည့်ပါ.။ ဦးဇင်း ပြောခဲ့တဲ့ ရှေးက စကားလေးထဲမှာ အစွမ်းရှိသမျှ ဆိုတဲ့ စကားလေးက တော်တော် တာသွားပါတယ်၊ အစွမ်းမရှိရင်လည်း လုပ်ချင်ပေမဲ့ မလုပ်နိုင်ကြပါဘူး.။ ဘုန်းကြီးတွေ အားလုံးကတော့လည်း အများအကျိုးအတွက် မလုပ်နိုင်ကြပါဘူး.။ သစ်ပင်ဟာ အနှစ်ကြီးပဲ မဟုတ်သလိုမျိုးပေါ့။ တစ်ကမ္ဘာလုံးနဲ့ ခြုံကြည့်ရင် အများအကျိုးအတွက် လုပ်နေကြတာဟာ လူနည်းစုပါပဲ။ ဒကာ့အဘွားအိမ်မှာ ဆွမ်းစားကြွတဲ့ ဆရာတော်တွေက တရားတောင် မဟောသွားဘူးဆိုတာ မဟောရခြင်းရဲ့ အကြောင်းရှိမှာပါ..။ ဒကာမကြီးက မဟောခိုင်းတာလား (သို့မဟုတ်) သူတို့ကိုယ်တိုင်က ဟောနိုင်တဲ့ စွမ်းအားမရှိသေးတာလား၊ ဥပမာ ရဟန်းဝတ်တာ မကြာသေးတဲ့အတွက်ကြောင့်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါမျိုးတွေ ရှိနေလို့လည်း သာသနာတော်ကြိးဟာ ပိုပီး အဓိပ္ပါယ် ရှိနေတာပါပဲ၊ ဒကာတော်ရေ သစ်ပင်ဟာ အရွက်ကလေးတွေကြောင့်လည်း လှနေတာပါ၊ ဒါပေမဲ့ သစ်ပင်ရဲ့ အနှစ်ကိုပဲ တန်ဖိုးထားတယ်ဆိုရင်လည်း ဖြစ်ပါတယ်လေ၊ အဲဒါက ခံယူတဲ့သူရဲ့ အပေါ်မှာ မူတည်ပါတယ်၊ အဲ အနှစ်မှ မဟုတ်ဘူး သစ်တစ်ပင်လုံးကို တန်ဖိုးထားတတ်ရင်တော့ ဒကာရဲ့ သစ်ပင်လေးက ပိုပီး လှနေမှာပါ. လို့ပဲ ဦးဇင်းက ဖြေလိုက်ပါရစေ.။
နောက်မေးခွန်းတစ်ခုကို နောက်ထပ်ပို့ပေးပါဦးမယ်..။

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိပါစေ.
က၀အရှင်ဇဋိလ (သီတဂူ)
 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila