နှိုးဆော်လွှာ

0 comments
ပညာရေးကို မြတ်နိုးကြတဲ့ မိတ်ဆွေတို့ရေ...
ပညာဆိုတာ လောကရဲ့ အလင်းကို ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပဲ... လောကကြီးဟာ ပညာကြောင့် ဆင့်ကဲ တိုးတက်ပြောင်းလဲလာခဲ့ကြတယ်......ကျောင်းနေအရွယ်မှာ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို တွေ့ရတဲ့ အခါမှာ ကိုယ့်ရဲ့ ဆွေးမျိုးဟုတ်သည်ဖြစ်စေ .. မဟုတ်သည်ဖြစ်စေ..ဘာသာတူသည်ဖြစ်စေ မတူသည် ဖြစ်စေ.. ရင်ထဲမှာ နင့်နင့်သီးသီးခံစားရတယ်.. .. အရွယ်ရောက်နေပေမဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို များသောအားဖြင့် တောရွာတွေမှ တွေ့ရလေ့ရှိတယ်.. အဲဒါကြောင့် ဒီအဖွဲ့အစည်းလေးကို တတ်နိုင်သလောက်ဖွဲ့စည်းပြီး..... တည်ထောင်လိုက်တယ်... ကလေးတွေကို ကျောင်းစအပ်တဲ့နေ့မှာ သူတို့လေးတွေကို ကျောင်းအပ်စရိတ်နဲ့ စာအုပ်စာတမ်းဖိုးတွေ နှစ်စဉ် လှူဒါန်းသွားဖို့ ရည်ရွယ်ပါတယ်...... ရန်ပုံငွေရဲ့ အခြေအနေအတိုင်း ရွာတွေကို တိုးချဲ့ပြီး...လှူဒါန်းသွားမှာပါ... မိတ်ဆွေတို့လည်း..စိတ်ပါဝင်စားရင်.. လှူဒါန်းနိုင်ပါတယ်... ဒီအဖွဲ့စည်းလေးကို The foundation of Education (FOE) လို့ နာမည်းပေးထားပါတယ်.. ခုမှ တည်ထောင်ခါစမို့ အားပေးသူတွေ လိုအပ်နေပါတယ်...... ။ အခု စတည်ထောင်စမှာတော့တည်ထောင်သူရဲ့ ရွာနီးတစ်ဝိုက်က ကလေးတွေကနေ စပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်.. တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေကို တက်နိုင်သလောက်လည်း ကူညီရာရောက်ပါတယ်.. နောက်တစ်ခုက ကျောင်းအပ်ချိန်မှာ ဘယ်လိုများ အပ်ရပါ့မလဲ ဆိုတဲ့ မိဘတွေရဲ့ အပူတွေလည်း.... အခုလို ပညာရေးခေတ်ကြီးမှာ မရှိစေချင်တော့ပါဘူး.။

တည်ထောင်သူများ..။

ခေါင်းဆောင်..
အရှင်ဇဋိလ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်..၊ စစ်ကိုင်းတောင်းရိုး)

ဥက္ကဌ
ဦးပညာဝံသ (ညောင်တပင် ဆရာတော်.. ညောင်တပင်ရွာ. က၀မြို့. ပဲခူးတိုင်း)

အတွင်းရေးမှူး
ဦးဝဏ္ဏိဿရ (စာချဆရာတော်. ဈေးကုန်းပရိယတ္တိစာသင်တိုက်. အင်စိန်မြို့နယ်. ရန်ကုန်)



ဘဏ္ဍာရေးမှူးများ...
ဦးစိုးလှိုင် (ညောင်တပင်ရွာ..က၀မြို့..ပဲခူးတိုင်း)
ဦးဖေထွန်း (ညောင်တပင်ရွာ..က၀မြို့..ပဲခူးတိုင်း)
ဦးကြည်ဝင်း (ညောင်တပင်ရွာ..က၀မြို့..ပဲခူးတိုင်း)
ဦးမောင်ဇော် (ညောင်တပင်ရွာ..က၀မြို့..ပဲခူးတိုင်း)


အဖွဲဝင်များ...
ဦးကျော်ရွေ
မောင်ဇော်လတ်
မောင်ကျော်သူရ
မောင်ဝင်းကို
မလဲ့လဲ့မိုး
မနွယ်နီဝင်း
မဖြူဖြူလွင်
မခင်မိုးဝေ


အလှူရှင်များ...

အရှင်ဇဋိလ 500000 (ငါးသိန်းကျပ်)
ဦးပညာဝံသ 50000 (ငါးသောင်းကျပ်)
ဒေါက်တာခင်ဇာထွန်းကြည်(လာရှိုး)(ကဗျာမလေး) 120000 (တစ်သိန်းနှစ်သောင်းကျပ်)
ဦးကြည်ဝင်း 50000 (ငါးသောင်းကျပ်)
ဦးသိဒ္ဓိအောင် (ရန်ကုန်) 50000 (ငါးသောင်းကျပ်)
ဦးစိုးလှုင် 50000 (ငါးသောင်းကျပ်)
ဦးမောင်ဇော် 30000 (သုံးသောင်းကျပ်)
ဦးဖေထွန်း 25000 (နှစ်သောင်းငါးထောင်ကျပ်)
မောင်ဇော်လတ် 20000 (နှစ်သောင်းကျပ်)
ဦးကျော်သိန်း 10000 (တစ်သောင်းကျပ်)
ဦးကျော်ရွေ 10000 (တစ်သောင်းကျပ်)
မောင်ဝင်းကို 10000 (တစ်သောင်းကျပ်)
မလဲ့လဲ့မိုး 20000 (နှစ်သောင်းကျပ်)
မဖြူဖြူလွင် 10000 (တစ်သောင်းကျပ်)
ဦးအောင် 10000 (တစ်သောင်းကျပ်)
ဒေါ်သန်းရွှေ 10000 (တစ်သောင်းကျပ်)
 
Copyright © သီတဂူအရှင်ဇဋိလ (က၀) We Started at May - 2010 | Director by Ashinjatila